အစ္စရေးနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားနေသော်လည်း ယခုနှစ်ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုမြင့်တက်

ဧပြီ ၅

အစ္စရေးနိုင်ငံ၌ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွား ၂၀၄၇၀၀ ဝင်ရောက်ခဲ့ကြောင်း နိုင်ငံစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရသိရသည်။ အစ္စရေးနှင့်ဟားမတ်စ်တို့အကြား ပဋိပက္ခများဖြစ်ပွားလျက်ရှိသော်လည်း ဇန်နဝါရီလက ခရီးသွား ၅၈၆၀၀၊ ဖေဖော်ဝါရီလက ၆၇၅၀၀၊ မတ်လက ခရီးသွား ၇၈၆၀၀ ဝင်ရောက်မှုရှိရာ လစဉ်ခရီးသွားဝင်ရောက်မှု တဖြည်းဖြည်းတိုးလာကြောင်း ဖော်ပြထားသည်။ ယခုနှစ်ပထမသုံးလအတွင်းခရီးသွားဝင်ရောက်မှုသည် အောက်တိုဘာလအစောပိုင်းက ဂါဇာပဋိပက္ခဖြစ်ပွားခဲ့သော ၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလ ခရီးသွားဝင်ရောက်မှုမှ ၁၃ ဒသမ ၂၂ ရာခိုင်နှုန်း ပိုမိုဝင်ရောက်မှုရှိသည်ဟု သိရသည်။ သို့ရာတွင် လွန်ခဲ့သောနှစ် အလားတူကာလက ခရီးသွား ၉၁၆၃၀၀ ဝင်ရောက်မှုရှိရာ ယခုနှစ်ခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်ကခရီးသွားဝင်ရောက်မှုထက် လျော့နည်းသည်ကို တွေ့ရသည်။ British Airways၊ Dutch KLMနှင့် စပိန်နိုင်ငံ၏ Iberia Express တို့သည် အစ္စရေးနိုင်ငံတွင် ပြန်လည်စတင်ပြေးဆွဲမည့် နောက်ဆုံးလေကြောင်းလိုင်းများဖြစ်ပြီး တနင်္လာနေ့တွင် Tel Aviv အနီးရှိ Ben Gurion လေဆိပ်၌ ပျံသန်းဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို