အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၄၄၇၂ ဦး၊ သေဆုံးသူ ၈၄၇ ဦး ရှိလာ

၂၅ ဩဂုတ်

 

 

အစ္စရေးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၀၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၁၀၄၄၇၂ ဦး ရှိလာသည်ဟု အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ရောဂါကူးစက် ခံရမှုကြောင့် ၁၃ ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၈၄၇ ဦး အထိ ရှိသည်။

 

 

လက်ရှိ ဆေးရုံတက်နေသော ကူးစက်လူနာဦးရေ ၈၆၅ ဦးရှိပြီး လူနာ ၃၉၈ မှ ၄၁၆ ဦးမှာ အခြေအနေ စိုးရိမ်ရသည်ဟု ဖော်ပြထားသည်။

 

 

ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၁၂၈ ဦး ထပ်မံရှိလာပြီး ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၈၁၆၄၂ ဦး ရှိလာသည်။

 

 

ယမန်နေ့ အစောပိုင်းက အစ္စရေးပညာရေးဝန်ကြီး ယွဗ်ဂါလန့်၊ ကျန်းမာရေးဝန်ကြီး ယူလီ အီဒယ်စတင်နှင့် ကိုဗစ်-၁၉ စီမံကိန်းမန်နေဂျာ ရွန်နီ ဂမ်ဇူတို့က စာသင်နှစ်ကို ကန့်သတ်ချက်များနှင့်အညီ စက်တင်ဘာ ၁ ရက်နေ့တွင် သတ်မှတ်ထားသည့်အတိုင်း ပြန်လည် ဖွင့်လှစ်မည်ဟု သဘောတူညီခဲ့ကြသည်။

 

 

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကြေညာချက်အရ ရောဂါကူးစက်မှု မြင့်မားသော မြို့များရှိ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်းကို ရွှေ့ဆိုင်းနိုင်ဖွယ် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို