အဆိုတော် မနော၏ ဘဝ ကို ပြန်လည်ရိုက်ကူးထားသော "ကမောက်ကမ သမီးယောင်မ"

၁၉ မတ်

 

တေးသံရှင် မနော အနေနှင့် အဆိုတော် တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်အဖြစ် လုပ်ကိုင်တော့မည် ဖြစ်ပြီး သူ၏  ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို    ပြင်ဦးလွင်မြို့တွင် စတင်ရိုက်ကူးလျက်ရှိပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ဖြစ်သည်။ သရုပ်ဆောင် ပြေတီဦး ၊ မနော ၊ ခိုင်သင်းကြည် ၊ သင်ဇာဝင့်ကျော် ၊ ဖြူဖြူထွေး နှင့် ဝါရင့်ဟာသ သရုပ်ဆောင်များပါဝင်ကြောင်း သိရသည်။

 

"ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ မောင်နှံနှမလှယ်ယူထားတဲ့ သမီးယောင်းမအကြောင်းကို ဟာသပုံစံရိုက်ကူး မယ့် အချစ်ဟာသဇာတ်ကားကြီး ဖြစ်ပါတယ်။ ကာရိုက်တာအနေနဲ့ကတော့ လူအေးလူရိုးအခန်းကပေါ့နော်။ နာမည်ကတော့ ကိုအေးဆေးတဲ့ ။ဟာသပေါ့။ အခက်အခဲကတော့ ဒိုင်ယာလော့ခ်တွေကို အလွတ်ကျက်ပြီး ပြောရတာလည်း အဆင်မပြေဘူး။ ပြီးတော့အရှေ့မှာလည်း ပွဲတွေကရှိတော့ ဒါတွေကို ကြိုမကျက်နိုင်ခဲ့ဘူး။ ရိုက်ကွင်းပေါ်ရောက်မှဆိုတော့ ပရော်ဖက်ရှင်နယ်တွေလိုတော့ အဆင်သင့်မဖြစ်ဘူး။ ဒါကို အားလုံးက လက်တွဲခေါ်ကြပါတယ်။ ဒီအတွက် အဆင်ပြေပေမယ့် ကိုယ့်ကိုယ်ကို အားမရဘူး။ သူများကိုလည်း အားနာတယ်။ Perfect တော့မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်လိုင်းမဟုတ်တဲ့အတွက် ဖြစ်မှာပဲ၊ အကောင်းဆုံးကြိုးစားထားပါတယ်။ ကိုယ့်အတွက်ပထမဆုံးလည်း ဖြစ်တော့ နည်းနည်းတော့ စိုးရိမ်မိတာ အမှန်ပါဘဲ၊ ဒါပေမဲ့ ဒါရိုက်တာကလဲ ကျွန်တော်ကို လိုအပ်တဲ့ အမူအယာပိုင်းကအစ အကောင်းဆုံးသင်ကြား ပေးပါတယ်၊ ကျွန်တော်ဒီကားမှာပါဝင်ဖြစ်တာကလည်း ကျွန်တော်က ကိုယ်မလုပ်ဘူးသေးတဲ့ အရာလေး ဖြစ်တာပညာရချင်တဲ့ သဘောဆိုလဲ မမှားပါဘူး၊ ဒီအတွက် ပရိသတ်ဘက်က ဝေဖန်မှုလေးတွေကို ကြိုဆိုပါတယ်၊ လိုအပ်တာ တွေရှိရင်လဲ လမ်းညွှန်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု မနောက ပြောသည်။

 

သူ့အနေဖြင့် ပရိသတ်များ အားပေးကြည့်ရှုစေလိုပြီး သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ရန်အတွက် သိထားသည့် ခက်ခဲမှုများထက် ပိုမိုခက်ခဲနေကြောင်း မနောက ဝန်ခံထားသည်။ လက်တွဲခေါ်ယူပေးခဲ့ကြသည့် ဝါရင့် သရုပ်ဆောင်များဖြစ်သော ပြေတီဦး၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်နှင့် ဒါရိုက်တာ ကိုဇော်တို့အား အထူးပင်ကျေးဇူးတင်ကြောင်း မနောက ပြောကြားသည်။

 

“ကျနော့်ဘဝအကြောင်းကို ရုပ်ရှင်ဇာတ်ကားအဖြစ်ရိုက်ချင်တာရယ် နောက်ထွက်မယ့် စီးရီးတစ်ခွေလုံးအတွက် ဇာတ်လမ်းအတွင်းမှာ သီချင်းတွေနဲ့အပြီးထည့်သွင်း ပုံဖေါ်နိုင်ဖို့အတွက် အထူးလေ့လာအတွေ့အကြုံယူရင်း ပညာသင်ခွင့် ရတယ်လို့ခံယူပြီးရိုက်ဖြစ်ခဲ့ခြင်းပါခင်ဗျာ။ အားလုံးနားလည်ခွင့်လွှတ်နိုင်ပါစေခင်ဗျာ"ဟု တေးသံရှင် မနောက ပြောသည်။

 

ကိုလင်း