အဆုတ်ရောဂါ လက္ခဏာကြောင့် စောင့်ကြည့်နေသည့်လူနာ သေဆုံး တစ်သျှူးနမူနာ စစ်ဆေးခြင်းအဖြေ ယနေ့ညနေတွင် ရမည်ဟု မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ပြောကြား

မန္တလေး ၆ မတ်

 

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

 

"တစ်သျှူးနမူနာ စစ်ဆေးတာက အဖြေမထွက်သေးဘူး။ အဖြေက ဒီညနေပိုင်းမှာ ရမှာဖြစ်တယ်"လို့ မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော် ကပြောသည်။

 

ပြီးခဲ့တဲ့ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ဆီးချိုရောဂါဖြင့်တက်ရောက် ဆေးကုသနေစဉ် အဆုတ်ရောဂါလက္ခဏာကို တွေ့ရှိခဲ့သောကြောင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ၏ အမျိုးသားဖြစ်သူက "မနေ့ကတော့ ရောဂါများတယ်တဲ့။ စိုးရိမ်ရတယ်တဲ့။ သူတို့(ဆရာဝန်) တစ်ယောက်ကတော့ မဖြစ်နိုင်ဘူးပြောတယ်။ တစ်ယောက်ကတော့ သံသယမရှိဘူးလို့ ပြောတယ်"ဟု သိရသည်။

 

ဖြိုးအိ