အစိမ်းရောင်စက်ဘီးအဖွဲ့ Green Bike ဆောမြို့သို့ ရောက်ရှိ

ဆော  ၂၄   ဇန်နဝါရီ

 

ရန်ကုန်မှ ချင်းပြည်နယ်၏ အမြင့်ဆုံးတောင် ခေါ်နူးစုမ်(ခေါ်)ဝိတိုရိယတောင်သို့ Green Bike အစိမ်းရောင် စက်ဘီးစီးအဖွဲ့သည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့သို့ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲ စက်ဘီးစီးနင်းရောက်ရှိခဲ့ကြသည်။

 

2589

 

အဆိုပါ အစိမ်းရောင်စက်ဘီးစီး(Green Bike)အဖွဲ့အား ကိုဟိန်းရာဇာ ဦးဆောင်သောအဖွဲ့ ၆ ဦး တို့က ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် ဆောမြို့နယ် ခွင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူငယ်များနှင့် တွေ့ဆုံကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လူထုကျန်းမာရေးနှင့် ပတ်သက်၍လည်းကောင်း၊မြို့နယ်များတွင် စက်ဘီးစီးလမ်းများ ပေါ်ထွန်းလာစေရေးနှင့် စက်ဘီးစီးရခြင်း၏ ရရှိလာမည့်အကျိုးကျေးဇူးများတို့အား လည်းကောင်း၊ ကျန်းမာရေးအခြေပြု ဂိမ်းကစားခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ လောက်နူးမြေသို့ ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲက ထွက်ခွာသွားကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)