အစိုးရကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်  ၂၂   မေ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) ကိုယ်စားလှယ်အဖွဲ့တို့နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” ကို ကျင်းပသည်။

 

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်

 

mdn