အစိုးရယန္တရားရပ်ဆိုင်းမှုအဆုံးသတ်ရေးမှာ ဒီမိုကရက်တစ်အဖွဲ့ဝင်တွေ ထရမ့်ကို စိန်ခေါ်နေသလား

mdn

ကလျာ - ရေးသားသည်

 

ဒီမိုကရက်တစ်အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ အမေရိကန်အောက်လွှတ်တော် ကိုယ်စားပြုအဖွဲ့ဝင်တွေဟာ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်နေမှုကို အဆုံးသတ်စေဖို့ မဲပေးခဲ့ကြပေမယ့် ဒီလိုလုပ်တာကို သမ္မတထရမ့် က ဗီတိုအာဏာနဲ့ပယ်ချလိုက်တဲ့ သဘောရှိနေပါတယ်။

 

အထောက်အကူမဖြစ်တဲ့ အရာမှန်သမျှ ကန့်ကွက်မည် 

 

အမေရိကန် - မက္ကဆီကို နယ်စပ် တံတိုင်းတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး ရန်ပုံငွေခွဲဝေပေးဖို့ အဆိုပြုချက်ကို အထောက်အကူမဖြစ်တဲ့ မည်သည့်လုပ် ဆောင်ချက်မဆို ကန့်ကွက်မယ်လို့ ထရမ့်က ပြတ်ပြတ်သားသား ပြောဆို ထားပါတယ်။ 

 

အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီကတော့ ဒီတံတိုင်းဟာ အကျင့်စာရိတ္တ မကောင်းတာကို ကိုယ်စားပြုတဲ့ တံတိုင်းတစ်ခုလို့ အမည် ပေး သတ်မှတ်လိုက်ပါတယ်။ 

 

မစ္စတာထရမ့်ဟာ ဒီမိုကရက်တစ် တွေရဲ့ ဆောင်ရွက်မှုကိုမထောက်ခံတဲ့ အပြင် ဒီမိုကရက်တစ်တွေရဲ့ လုပ်ဆောင်ချက်ဟာ လုံးဝအောင်မြင် စရာအကြောင်း မရှိတဲ့လုပ်ဆောင်ချက် ဖြစ်တယ်။ နိုင်ငံရေးပြဿနာ အသေး အဖွဲလေးတစ်ခုသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

 

အစိုးရယန္တရား ဘယ်လိုရပ်ဆိုင်း သွားခဲ့သလဲ 

 

ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတ ထရမ့်တို့ဟာ ဒီဇင်ဘာလအတွင်းမှာ ဘတ်ဂျက်မူကြမ်းတစ်ခုနဲ့ ပတ်သက်ပြီး သဘောတူညီမှု မရရှိရာကနေ အစိုးရယန္တရား (အစိုးရရဲ့ လုပ်ငန်းဆောင် တာ တစ်စိတ်တစ်ပိုင်း) ရပ်တန့်ခဲ့ရပါ တယ်။ 

 

သမ္မတထရမ့်ရဲ့ ရီပတ်ဘလစ်ကန် အဖွဲ့ဝင်တွေဟာ နယ်စပ်တံတိုင်း တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ ငါးဘီလီယံ ရန်ပုံငွေခွဲဝေပေးဖို့ ပါဝင်တဲ့ အဆိုပြုချက်ကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ 

 

အောက်လွှတ်တော်မှာ အတည်ပြု ချက်ရရှိခဲ့ပေမယ့် ဆီးနိတ်လွှတ်တော် အတွင်းမှာ အတည်ပြုနိုင်ဖို့လိုအပ်တဲ့ ထောက်ခံမဲ ၆၀ ကိုတော့ ခုထိမရရှိသေး ပါဘူး။ 

 

သမ္မတကို တိုက်တွန်း 

 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အဖွဲ့ဝင်တွေက အောက် လွှတ်တော်ရဲ့ နေရာအများစုကို အနိုင် ရရှိခဲ့ပါတယ်။ အစိုးရယ္တရား ပြန်ဖွင့်ဖို့ သမ္မတကို ကျွန်ုပ်တို့ တိုက်တွန်းတောင်း ဆိုနေတယ် ။ 

 

ကျွန်ုပ်တို့အနေနဲ့ ရီပတ်ဘလစ်ကန် အဖွဲ့ဝင်တွေကို yes ဆိုတဲ့အဖြေထွက် လာဖို့ အခွင့်အရေး ပေးထားတယ်လို့ ၎င်းက ပြောပါတယ်။ 

 

ကွန်ဂရက်လွှတ်တော် ဒုတိယ သက်တမ်းရဲ့ ပထမနေ့ဟာ ကျောင်းစ ဖွင့်တဲ့ ပထမနေ့လိုပါပဲ။ အသစ် တက်ရောက်လာကြသူတွေဟာ ခန်းမ တွေကို ငေးမောမှင်သက်စွာနဲ့ ရှိနေ ကြတယ်။ လက်ဆွဲနှုတ်ဆက်ပြီး ပြုံးပြ ကြတယ်။

 

အခမ်းအနားကျင်းပမှုနဲ့ နေသာ တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ လေးကြိမ် မြောက် အချိန်အကြာမြင့်ဆုံး အစိုးရ ယ္တရားရပ်ဆိုင်းမှုဟာ အမေရိကန်ရဲ့ သမိုင်းကြောင်းမှာ မှတ်တမ်းတစ်ခုဖြစ် လာခဲ့ပြီး ဒီကိစ္စဟာ ကွန်ဂရက်လွှတ် တော်တစ်ခုကနေ နောက်ထပ်လွှတ် တော်အသစ်တစ်ခုဆီအထိ သယ်ဆောင် လာရတဲ့ ကိစ္စဖြစ်ပါတယ်။ 

 

အောက်လွှတ်တော် ဒီမိုကရက်တစ် တွေဟာ ကျမ်းသစ္စာဆိုပွဲအခမ်းအနား ပြီးတဲ့နောက် နာရီအနည်းငယ်အကြာ မှာ အစိုးရယ္တရားရပ်ဆိုင်းမှု ပြီးဆုံးစေဖို့ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ကြဖို့ အစီအစဉ်ရေးဆွဲထား ကြတာ ဖြစ်ပါတယ်။ 

 

ရန်ပုံငွေခွဲဝေရေးကို ထရမ့် ဆက်လက်တောင်းဆိုနေ 

 

ဒါဟာ လွှတ်တော်သစ်တစ်ရပ်ရဲ့ အဖွင့်နိဒါန်းလှုပ်ရှားမှု တစ်ခုလို့ဆိုရ မလိုဖြစ်နေပါတယ်။ ဆီးနိတ်လွှတ်တော် အတွင်းက ဒီမိုကရက်တစ်အဖွဲ့ဝင်တွေ က ဒေါ်နယ်ထရမ့်အတွက် အထောက် အကူဖြစ်စေမယ့် လုပ်ဆောင်ချက်တွေ ကိုသာ မဲပေးဖို့ အလေးအနက်ကတိပြု ထားကြပြီး သမ္မတထရမ့်ကတော့ နယ်စပ်တံတိုင်းအတွက် ရန်ပုံငွေခွဲဝေ ရေးကိုသာ ဆက်လက် တောင်းဆိုနေပါတယ်။ 

 

လတ်တလောမှာတော့ အစိုးရ ယ္တရားရပ်ဆိုင်းမယ့် အရိပ်အယောင် ကို မမြင်ရသေးဘူးလို့ ဆီးနိတ်လွှတ် တော်ရဲ့ ဒုတိယဩဇာအရှိဆုံး ဒီမို ကရက်တစ်အဖွဲ့ဝင်ဖြစ်တဲ့ ဒစ်ဒါဘင်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။ 

 

ကျွန်ုပ်က လက်တွေ့ကျကျပဲ ရှုမြင် တတ်တဲ့သူ၊ မကောင်းမြင်စိတ်ရှိသူ မဟုတ်ဘူးလို့လည်း ၎င်းက ဆိုပါတယ်။ 

 

အောက်လွှတ်တော်မှာ မဲခွဲ 

 

ကယ်လီဖိုးနီးယားမှ ဒီမိုကရက် တစ်ကိုယ်စားလှယ် နန်စီပီလိုစီဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးချယ်ခံလိုက်ရပြီးတဲ့ နောက်မှာ အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ကြာသပတေးနေ့ ညနေမှာ ဘတ်ဂျက်မူကြမ်းကို မဲခွဲ ဆုံးဖြတ်မှု လုပ်ဆောင်ခဲ့ကြပါတယ်။ 

 

အထူးသဖြင့် ကွန်ဂရက်လွှတ်တော် ရဲ့ ဥက္ကဋ္ဌတစ်ဦး ဖြစ်ရတာကို ကျွန်ုပ်ဂုဏ်ယူတယ်။ အမျိုးသမီးတွေ မဲပေးခွင့်ရှိခဲ့တာ အနှစ်တစ်ရာ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အထိမ်းအမှတ် တစ်ခုပဲလို့ နန်စီက ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် အဖြစ် စကားပြောဆိုခဲ့တဲ့ ထရမ့်က မစ္စပီလိုစီကို ကြီးကျယ်တဲ့အောင်မြင်မှု တစ်ခုဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုစကား ဆိုလိုက်ပြီး ကျွန်ုပ်တို့ အတူတကွ လက်တွဲပြီး အလုပ်လုပ်သွားကြရတော့ မယ်လို့ ပြောခဲ့ပါတယ်။ 

 

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား အတွင်းမှာ ဒီမိုကရက်တစ်ပါတီဝင် တွေ အောင်ပွဲခံချိန်မှာ လူမှုကွန်ရက်မီဒီ ယာအချို့က လူဖြူအများစု ပါဝင်တဲ့ ရီပတ်ဘလစ်ကန်အဖွဲ့ဝင်တွေ နည်းပါးလာ တာကို အလေးပေး ဖော်ပြခဲ့ကြပါတယ်။ 

 

အရေအတွက်လျော့ကျလာ

 

 အနောက် ဗာဂျီးနီးယားကို ကိုယ်စားပြုတဲ့ ကာရိုးလ်မီလာဟာ ရီပတ်ဘလစ်ကန် အမျိုးသမီးအဖွဲ့ဝင် သစ်ဖြစ်ပါတယ်။ အောက်လွှတ်တော် အတွင်းမှာရှိတဲ့ ကွန်ဆာဗေးတစ် အမျိုးသမီးအဖွဲ့ဝင် အရေအတွက်ဟာ ၁၃ ဦး ဖြစ်လာခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲတွေ မကျင်းပမီက အမျိုး သမီးအဖွဲ့ဝင် အရေအတွက် ၂၃ ဦး ရှိခဲ့ ရာကနေ အရေအတွက် လျော့ကျလာ ခဲ့တာဖြစ်ပါတယ်။

 

 အစိုးရယန္တရား တစ်စိတ်တစ်ပိ်ုင်း ရပ်ဆိုင်းမှုဆိုတာ 

 

အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်သွားတယ်ဆိုတာ အမေရိကန် ပြည်ထောင်စုဖက်ဒရယ်အစိုးရရဲ့ လုပ် ငန်းဆောင်တာ ၂၅ ရာခိုင်နှုန်းလောက် ဟာ ရန်ပုံငွေမရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

 

 ရန်ပုံငွေမရှိတာကြောင့် ယန္တရား ရပ်ဆိုင်းမှုက ဌာနကိုးခုကို သက်ရောက် ခဲ့ပြီး ပြည်တွင်းလုံခြုံရေး၊ တရားရေး၊ အိုးအိမ်နေရာချထားရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး စတဲ့ ဌာနတွေမှာ ဖက်ဒရယ်ဝန်ထမ်း အလုပ်သမား ရှစ်သိန်းလောက်ဟာ ခွင့်ယူထားကြရပါတယ်။ 

 

လစာငွေပေးချေမှု မရရှိတဲ့အတွက် ခေတ္တလုပ်ငန်းရပ်ဆိုင်းမှုဖြစ်နေတဲ့ အနေ အထားဖြစ်ပြီး အမျိုးသားဥယျာဉ်တွေနဲ့ ပြတိုက်တွေကိုလည်း ပိတ်ထားရတဲ့ အခြေအနေ ဆိုက်ရောက်နေဆဲပါ။

 

 အစိုးရယန္တရား ရပ်ဆိုင်းမှုဟာ လတ်တလောမှာတော့ အဖြေရှာနိုင်ခြင်း မရှိသေးတဲ့ နိုင်ငံရေးပြဿနာတစ်ခုဖြစ် နေပါတယ်။ ။ 

 

ကိုးကား-ဆင်ဟွာ၊ ဘီဘီစီ