အောင်လံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဟောပြောပွဲဆောင်ရွက်ခြင်း  

အောင်လံ  ၂၅  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများအား ကျောင်းသား/ ကျောင်းသူ များ ဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ‌ဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို အောင်လံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် (၂၇၅) ကို ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ထုတ်ဝေသော ဆေးသုံးစွဲသူများ၏ ဘဝကို ပြန်လည်ထူထောင်ပေးရေး စီမံချက်ချမှတ်ပြီး စည်းရုံးလှုံဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး၍ ပညာပေးခြင်း၊ ကောင်းမွန်သောလူနေမှုဘဝကို ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ သင့်လျော်သော ထောက်ပံ့မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာများ သင်ကြားပေးခြင်းတို့နှင့် မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်နှင့် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဟူသော ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောကဗျာ၊ ကာတွန်းများပါရှိပြီး ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                                               

မျိုးသိန်း(ပြန်/ဆက်)

mdn