အောင်လံမြို့နယ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ကြက်မွေးမြူရေးခြံမီးလောင်မှုဖြစ်ပွား

အောင်လံ  ၉  ဧပြီ

 

အောင်လံမြို့နယ် ပိတောက်ကုန်းကျေးရွာအနီး ကြက်မွေးမြူရေးခြံအား မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုတစ်ခု ဧပြီလ(၉)ရက်နေ့နံနက်(၃)အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

           

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း(၅)စီးဖြင့် အချိန်မီရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၃)နာရီ(၅၀)မိ်နစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ဉီးကျော်ဌေး ပိုင်ဆိုင်သည့် ကြက်အကောင်ရေ (၃၀၆၀) သားဖောက်ထားသော  ကြက်မွေးမြူရေးခြံ(၁)ခြံ၊ ဝါးကြမ်းခင်း၊ သက်ငယ်မိုး၊ မိုးကာစအကာ၊ ကြက်စာ သိုလှောင်ထားသည့်တဲ(၁)လုံးနှင့် ကြက်အကောင်ရေ(၃၀၆၀) မီးလောင်သေဆုံးပြီး လူနှင့်အခြား  တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။  

 

သိန်းလွင်(အောင်လံ)