အောင်ပွဲရ မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘတ်စကက်ဘောအသင်း အားကစားသမားများအား ဂုဏ်ပြု

မော်လမြိုင် ၁၆ မေ    

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော နွေရာသီဖိတ်ခေါ် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် အောင်ပွဲရ မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောအသင်း အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပထမဆုရရှိသော မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘတ်စကက်ဘော အမျိုးသမီးအသင်းမှ တံခွန်စိုက်ဒိုင်းဆုကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံအပ်နှံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ အောင်ပွဲရ မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောအသင်း အဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသော မပိုးအိဖွေးကို လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း ချီးမြှင့်ခဲ့သည်။

 

ထို့နောက် ဒုတိယဆုရရှိသော မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘတ်စကက်ဘောအသင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းချီးမြှင့်ပြီး မွန်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောအသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်းနှင့် ပထမဆုရရှိသော အမျိုးသမီးဘတ်စကက်ဘောအသင်းအတွက် ဂုဏ်ပြုဆုငွေကျပ်(၂၆)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ချီးမြှင့်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ  သိရသည်။

 

MDN

 

05.j