အောင်ပန်းမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကလော  ၄  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ ရွာငံစုရပ်ကွက်၊ နယ်မြေ(၃)ရှိ ဒေါ်သန်းမြင့် နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒေါ်သန်းမြင့်၏ (၂)ထပ်နေအိမ်၌ TV Safe Guard အပူလွန်ကဲရာမှ အနီးရှိစာအုပ်စင်နှင့် မွေ့ယာသို့ မီးကူးစက်ကာ နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ အောင်ပန်းမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးသန့်ဇော်နှင့် တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၄)စီးဖြင့် ဝိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ရာ ၂ နာရီ ၁၅ မိနစ် မီးငြိှမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)