AFC Cup ပြိုင်ပွဲ အဝေးကွင်းပွဲယှဉ်ပြိုင်ရန် ရှမ်းယူနိုက်တက်အသင်း ထွက်ခွာ

၈ မတ်

 

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုတတိယပွဲယှဉ်ပြိုင်ရန် ရှမ်းယူနိုက်တက်အသင်းသည် ယနေ့နံနက်ပိုင်းက စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
 

ရှမ်းယူနိုက်တက်အသင်းတွင် အဖွဲ့ခေါင်းဆောင်-ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ-ဦးဟန်ဝင်းအောင်၊ နည်းပြချုပ်-ဦးအောင်နိုင်၊ လက်ထောက်နည်းပြ -ဦးအောင်ကျော်ထွန်း၊ ဦးစိုးမင်းဦး၊ ဂိုးနည်းပြ-ဦးရဝေဇင်၊ ကစားသမားများအဖြစ် ဂိုး-သီဟစည်သူ၊ မျိုးမင်းလတ်၊ နောက်တန်း- ဒေးဗစ်ဒန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒန်နီရယ်လ်၊ ဟိန်း သီဟဇော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း- မက်ဆီမင်၊ အဘူဘာကာ၊ ရဲရင့်ထွန်း၊ ရွှေကို၊ နန္ဒကျော်၊ အောင်ရှိုူး သာမောင်၊ ဆက်ဖြိုးဝေ၊ ရှေ့တန်း-ဇင်မင်းထွန်း၊ စအောင်ပြည့်ကို၊ ထက်ဖြိုးဝေတို့ လိုက်ပါသွားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (H) ၌ စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်း၊ အင်ဒိုနီးရှားကလပ် မာကာဆာအသင်း၊ ဖိလစ်ပိုင်ကလပ် ကာယာအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲကစား နှစ်ပွဲအရေးနိမ့်ထားသောကြောင့် ယခုပွဲတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။

 

တမ်ပနိစ်ရိုဗာ (စင်ကာပူ) နှင့် ရှမ်းယူနိုက်တက် (မြန်မာ) အသင်းတို့သည် မတ် ၁၀ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ရှမ်းယူနိုက်တက်