အီဂျစ် နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်မည့် အသက်(၁၈) နှစ်အရွယ် အလှမယ် ခခစံ

ရန်ကုန် ၆ ဧပြီ

 

ဧပြီလ (၁၀) ရက်နေ့ မှ (၂၈) ရက်နေ့အထိ အီဂျစ်နိုင်ငံ တွင်ကျင်းပပြုလုပ်မည့် Miss Eco International 2018 ပွဲကြီး သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်  သွားရောက်ယှဉ်ပြိုင်မည့် အသက်(၁၈) နှစ်အရွယ် အလှမယ် ခခစံ ကို ဧပြီ ၅ ရက် ညနေ (၃) နာရီက ရန်ကုန်မြို့  တာမွေအဝိုင်း အနီး  ဗဟန်းမြို့နယ်ရှိ ချန်းလုံ အလှအပရေးရာ အကယ်ဒမီ သင်တန်းကျောင်းတွင်  မီဒီယာများနှင့်တွေ့ဆုံ မိတ်ဆက်ခဲ့သည်။ 

 

အဆိုပါ ပြိုင်ပွဲသို့  မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံမှ Miss Eco Myanmar ကိုယ်စားလှယ် ချန်းလုံ က အလှမယ် ခခစံ အား စေလွှတ်ခြင်းသည် တတိယ အကြိမ်မြောက်ဟု သိရသည်။   

  

"ဒီပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ခဲ့ရတာတော့ အချိန် တစ်နှစ်ကျော်လောက် ယူခဲ့ရတယ်၊ ဘာလို့လဲဆို ဒီပွဲကြီးရဲ့ အဓိက ရည်ရွယ်ချက်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ပွဲမို့ ညီမအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အရာတွေက ဘာတွေလဲ ဘယ်လိုကြောင့် ညစ်ညမ်းစေတာလဲ ဆိုတာတွေကို လေ့လာရတဲ့ နောက် ကြွပ်ကြွပ်အိတ်တွေက ပတ်ဝန်းကျင်ကို ဘယ်လို ဆိုးကျိူးတွေပေးသလဲ ဆိုတာတွေကို ညီမကလေ့လာဖြစ်တဲ့ ပွဲကလဲ အဓိက ရည်ရွယ်ချက်က အဲ့ဒီအချက်ပါ၊ ညီမအနေနဲ့ကတော့ နောက်ထပ် အရည်အချင်းပိုင်း ပြသရတဲ့ အပိုင်းမှာတော့ ဆံထုံးထုံးတဲ့ အပိုင်းပေါ့နော် အဲ့ဒါလေးကို ညီမ ဆရာ ချန်းလုံး ဆီမှာ သေချာလေ့လာပြီး သရုပ်ပြမှာပါ ၊ အဝတ်အစားပိုင်းဆိုလည်း ညီမကိုယ်တိုင် လုပ်ရမှာပါ" ဟု အလှမယ် ခခစံ  ပြောသည်။

 

ကိုလင်း