အီဂျစ်နိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် လေးဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

မတ် ၂၀

အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်း Ismailia မြို့ရှိ  ဆေးရုံတွင် ယမန်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။  အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များက ထိုမီးလောင်မှုကို ငြှိမ်းသတ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား Suez Canal University ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဆေးရုံမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် ကနဦးစစ်ဆေးမှုလုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ထိုမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများအနက် နှစ်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို