အီကွေဒေါနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၁၉ ဦးတွေ့ရှိ

ဒီဇင်ဘာ ၂၂

 

အီကွေဒေါနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် အိုမီခရွန် ကူးစက်ခံရသူပေါင်း ၂၂ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉ ဦးကို အနောက်တောင်ဘက်ကမ်းရိုးတန်း ဂါရတ်ပြည်နယ်တွင် စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

၎င်းတို့သည် ဂါရတ်မြို့တော်ဂါရာလ်တွင် ပြီးခဲ့သည့်သီတင်းပတ်က တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် ထိစပ်သူများဖြစ်သည်ဟု သိရသည်။

 

ရောဂါကူးစက်ခံရသူနှင့် ထိစပ်သူများအဖြစ် သိရှိပြီးနောက် ထိုကူးစက်ခံရသူများအားလုံးသည်  သီးသန့်ခွဲခြားနေထိုင်ခဲ့ကြသည်။

 

အီကွေဒေါနိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက်က အိုမီခရွန်ကူးစက်မှု ပထမဆုံးဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ တောင်အာဖရိကမှပြန်လာသော အီကွေဒေါအင်ဂျင်နီယာတစ်ဦးတွင် ထိုဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို