အီကွေဒေါနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ်များ၊ ဆေးရုံများပျက်စီး

မတ် ၂၈

 

အီကွေဒေါနိုင်ငံ အက်မာရတ်ဒေါ ပြည်နယ်ကမ်းရိုးတန်းတွင် မတ်လ ၂၆ ရက်က ပြင်းအား ၆ ဒသမ ၀ ပမာဏရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့် လူနေအိမ်များ၊ ဆေးရုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါငလျင်သည် အက်မာရတ်ဒေါမြို့မှ ၁၁ ဒသမ ၇၉ အကွာ  ကီလိုမီတာ ၁၀ အနက်တွင် စနေနေ့ည ၁၁ နာရီ ၂၈ မိနစ်က လှုပ်ခတ်ခဲ့ပြီး ငလျင်ငယ်များလှုပ်ခတ်ခဲ့သည်ဟု အီကွေဒေါ၏   ဘူမိရူပဗေဒဆိုင်ရာ အဖွဲ့အစည်း၏ ပြောကြားချက်အရ သိရသည်။

 

ကနဦးတွက်ချက်မှုအရ နေအိမ် ၂၈ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း၊ ကျန်းမာရေးစင်တာသုံးခုနှင့် အများပြည်သူဆိုင်ရာအဆောက်အအုံ သုံးလုံးလည်း ထိခိုက်ခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးဆိုင်ရာဝန်ဆောင်မှုက ပြောကြားသည်။

 

အီကွေဒေါပြည်နယ် ၂၄ ခုအနက် ပြည်နယ် ၁၁ ခုတွင် ထိုငလျင်လှုပ်ခတ်မှုဒဏ်ခံစားခဲ့ရပြီး အက်မာရတ်ဒေါ မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို