အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၀၀၉၂ ဦး၊ သေဆုံးသူ ၁၀၅၇၆ ဦး ရှိလာ

၈ စက်တင်ဘာ

 

 

အီကွေဒေါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားချိန် ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၀၀၉၂ ဦး ရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၅၇၆ ဦး အထိ ရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ထိုကိန်းဂဏန်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိသော သေဆုံးမှုများနှင့် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသည်ဟု အတည်ပြုထားမှုများ၏ သေဆုံးမှုပေါင်း ဖြစ်သော်လည်း သိပ္ပံနည်းကျ အတည်ပြုချက် မရရှိသေးကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

 

ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ဦးရေမှာ ယခုအချိန်အထိ ၉၁၂၄၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို