အီရန်နှင့် ဆက်နွှယ်လျက်ရှိသော လူ့အဖွဲ့ အစည်း ၁၁ ခုကို အမေရိကန် အရေးယူဒဏ်ခတ်ပိတ်ဆို့

ဝါရှင်တန်   ၅  စက်တင်ဘာ

အီရန်ရေနံနှင့် ရေနံထွက်ပစ္စည်း တင်ပို့မှုဆိုင်ရာ အမေရိကန်၏တားမြစ်ချက်များကို တရားမဝင် ဖောက်ဖျက်ကျူးလွန်မှုဖြင့် အီရန်၊ တရုတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့တွင် အခြေစိုက်သော လူ့အဖွဲ့ အစည်း ၁၁ ခုကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဌာနက စက်တင်ဘာ ၃ ရက်တွင် အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ကြေညာခဲ့သည်။ အမေရိကန်၏ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအရ လူ့အဖွဲ့အစည်း ၁၁ ခုတို့၏ အမေရိကန်မြေပေါ်ရှိ ပိုင်ဆိုင်ခွင့်များ အသုံးပြု၍ရတော့မည် မဟုတ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို ကထုတ်ပြန်ကြေညာချက်တွင် အီရန်နိုင်ငံ၏ ရေနံလုပ်ငန်းသည် အီရန်အစိုးရ၏ ဘဏ္ဍာငွေရှာဖွေရာတွင် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်းတွင် အီရန်၏လုပ်ဆောင်ချက်များကို အဓိက ကျားကန်ပေးနေသောအရင်းအမြစ် တစ်ခုဖြစ်ကြောင်း ပြောကြားလိုက်သည်။

အရေးယူပိတ်ဆို့မှုများကို တိုးချဲ့လုပ်ဆောင်ရန် အကြံပြုထားပြီး အီရန်နိုင်ငံ၏ဆောင်ရွက်ချက်များ မပြောင်းသရွေ့ အမေရိကန်၏ အရေးယူမှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း မိုက်ပွန်ပီအိုက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရက အီရန်နိုင်ငံသည် ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲပြောကြားထားပြီး လွန်ခဲ့သောလက အီရန်ကို အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရန် ကုလသမဂ္ဂအား တိုက်တွန်း တောင်းဆိုခဲ့သည်။ သို့သော်လည်း အများစုက အမေရိကန်၏ သဘောထားကို ဆန့်ကျင်ခဲ့သည့်အတွက် အမေရိကန်၏ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ