အီရန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၇ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၄

 

ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံအရှေ့တောင်ပိုင်းတွင် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့အား အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၇ ဦးသေဆုံးသွားကြောင်း သိရသည်။ အဆိုပါဒေသတွင် ဆွန်နီစစ်သွေးကြွများ လှုပ်ရှားနေပြီး ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။

 

အီရန်နိုင်ငံပိုင် သတင်းဌာန၏ ထုတ်ပြန်ချက်အရ ပါကစ္စတန်နယ်စပ်အနီး စစ်စတန် ဘလူခစ်စတန် ပြည်နယ်တွင် ဖောက်ခွဲရေး ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ကားတစ်စီးက တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဘတ်စ်ကားကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘတ်စ်ကားပေါ်တွင် နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် တပ်ဖွဲ့ဝင် ၄၀ ခန့် လိုက်ပါလာကြောင်း သိရသည်။

 

mdn

 

နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုဖြစ်ရပ်အတွက် ပြန်လည်လက်စားချေ တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့သည်။

 

ဗုံးပေါက်ကွဲရာဒေသတွင် ဆွန်နီစစ်သွေးကြွများ၏ လှုပ်ရှားမှုများကြောင့် ဒေသလုံခြုံရေးကို ခြိမ်းခြောက်ခံနေရပြီး အောက်တိုဘာလအတွင်းကလည်း တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင် ၁၀ ဦး ပြန်ပေးဆွဲခံခဲ့ရသည်။

 

SMZaw(MDN)

Source> NHK