အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၄ ဦး ထပ်မံတွေ့ရှိ

ဇွန် ၁၈

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၄ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၄၇၇၅ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၂၆၂ ဦးအထိ ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၅၃၁၉၅ ဦး ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို