အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၇၅၆၀၀ ကျော်ရှိလာ

ဇွန် ၂၅

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၉ ဦး ထပ်မံတွေ့ရှိရသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၇၅၆၀၁ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၂၉၆ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၂၅၇၄၂၉ ဦး ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည်  အာဖရိကတွင် လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အများဆုံးနိုင်ငံ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်း လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၈၇၄ ဦး ရှိနေပြီး ၁၈၅ ဦးမှာ ကျန်းမာရေးအခြေအနေဆိုးရွားလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို