အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ခြောက်သောင်းကျော်ရှိလာ

ရောမ၊  ၇ ဒီဇင်ဘာ

 

 

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၀၀,၀၀ ကျော်ရှိလာကြောင်း တနင်္ဂနွေနေ့ ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

 

 

ဉရောပနိုင်ငံတွေထဲက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကူးစက်မှုဒဏ် ပထမဆုံး ခံစားရတဲ့အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ ၆၀,၀၇၈ ဦး ရှိပြီး ရောဂါပိုးကူးစက်ခံရသူ ၁,၇၂၈,၈၇၈ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဗိုင်းရပ်စ်ရောဂါပိုး နောက်ဆုံး ကူးစက်မှုကို အစိုးရက ထိန်းချုပ်လိုက်နိုင်ပြီး ဖျားနာနေသူတွေအား ကုသမှုပေးနေပေမယ့် ရာချီတဲ့လူတွေ သေဆုံးနိုင်ကြောင်း သိရပါတယ်။

 

 

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၉၉၃ ဦးရှိခဲ့အတွက် ဒီနှစ်အတွင်းမှာ ရောဂါပိုးကြောင့်  သေဆုံးသူ အများဆုံးနေ့ဖြစ်လာပါတယ်။

 

 

အီတလီနိုင်ငံမှာ လူဦးရေနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူကို အချိုးချ တွက်ချက်ကြည့်မယ်ဆိုရင် လူဦးရေ ၁၀၀,၀၀၀ မှာ ၉၈ ဦးသေဆုံးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ကျန်းမာရေး ဝန်ကြီးက အစောင့်အရှောက်အတားအဆီးကို မလုပ်ခဲ့တော့ဘူးဆိုရင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

 

အဲဒီလို အဖြစ်မခံနိုင်တဲ့အတွက် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အရေအတွက်အရ အရောင်နဲ့ ခွဲခြားထားမှာဖြစ်ပြီး အရောင်အပေါ်မူတည်ပြီး သွားလာရေးကန့်သတ်မှုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကူးစက်မှု အများဆုံးဒေသကို အနီရောင်သတ်မှတ်ထားပါတယ်။

 

 

ဝန်ကြီးချုပ် က ခရစ်စမတ်ကာလအတွင်းမှာ ဒေသတစ်ခု ကနေ တစ်ခုအား သွားလာခြင်းကို ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၆ ရက်နေ့အထိ ကန့်သတ်ထားကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြောညာပါတယ်။

 

 

ဒီဇင်ဘာ ၂၅၊ ၂၆ နဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ တစ်မြို့ကနေ တစ်မြို့ကို သွားလာခြင်းကို ပိတ်ထားပြီး ညမထွက်ရအမိန့် ည ၁၀ နာရီကနေ နံနက် ၅ နာရီအထိ ဆက်လက်ထုတ်ပြန်ထားပေမယ့် နှစ်သစ်ကူးနေ့ ဇန်နဝါရီ ၁ ရက်နေ့ မှာတော့ ည ၁၀ နာရီမှ နံနက် ၇ နာရီအထိ တိုးမြှင့်ချမှတ်ထားကြောင်း သိရပါတယ်။

 

 

နှင်းလျှောစီး အားကစားကို ဇန်နဝါရီ ၇ ရက်နေ့အထိ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP