အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး အခမဲ့ထိုးနှံ့ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးမည်

၃ ဒီဇင်ဘာ

အီတလီနိုင်ငံသားများအား ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဦးစာပေး ထိုးနှံပေးမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက  ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ 
ဉရောပ ဆေးဝါးစည်းမျဉ်းစည်းကမ်းအဖွဲ့ရဲ့ ခွင့်ပြုမိန့်ကို စောင့်နေတာဖြစ်ပြီး အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ဟာ နွေဦးမှာ စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကျန်းမာရေးဝန်ကြီး ရော်ဘတ်တို စပ်ရန်ဇာ က ပြောပါတယ်။ 

ဉရောပ ဆေးဝါးစည်းမျဉ်းစည်းကမ်းအဖွဲ့ က Pfizer-BioNTech ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၉ ရက်အတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုသွားနိုင်ကြောင်း ပြောပါတယ်။ 

နိုင်ငံသားအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး အခမဲ့ထိုးပေးသွားမှာဖြစ်ပေမယ့် အစပိုင်းမှာတော့ မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်ထားတာမရှိကြောင်းနဲ့ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို အစိုးရက ကြီးကြပ်သွားမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ 

အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု လျော့ချရန် တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ထုတ်ခြင်း၊ ပိုးကူးစက်မှု အနည်းအများပေါ် မူတည်ပြီးဒေသဆိုင်ရာ အမိန့်အမျိုးမျိုး ထုတ်ပြန်ခြင်းများဖြင့် ထိန်းချုပ်ရာတွင် ပိုးတွေ့သူ လျော့နည်းလာတာကို တွေ့ရပါတယ်။ 

ဝန်ကြီးက ဆက်ပြောရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တတိယလှိုင်းက မိမိတို့အနီးနားမှာ ရှိနေတဲ့အတွက် ထိန်းချုပ်ရေး အစီအစဉ်ကို လျှော့ချသွားမှာ မဟုတ်ကြောင်းနဲ့ အန္တရာယ်ကနေ လွတ်မြောက်ရေး မျှော်လင့်ချက်ပျောက်သွားအောင် အမှားအယွင်း မပြုလုပ်ရန် သတိပေးကြောင်း ပြောကြားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းဟာ ဒီသတင်းပတ်အတွင်း ကုန်ဆုံးမှာဖြစ်ပေမယ့် အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ထည့်သွင်းပြောကြားခြင်း မရှိတာကို တွေ့ရပါတယ်။ 

အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၆,၀၀၀ ကျော်သွားကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP