အိမ်ကွင်းမှာ မန်ယူကို အနိုင်ရရှိဖို့ကြိုးစားလာမယ့် အတ္တလန္တာ

အောက်တိုဘာ ၃၀

ယခုတစ်ပတ်မှာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) ပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်ဖြစ်သည့် အတ္တလန္တာနဲ့ မန်ယူ၊ လီဗာပူးနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ ပါဝင်နေတာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အတ္တလန္တာ VS မန်ယူ

ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့ ပထမအကျော့ မန်ယူအိမ်ကွင်းမှာ အတ္တလန္တာအသင်းက သုံးဂိုး-နှစ်ဂိုးနဲ့ မန်ယူအသင်းကို ရှုံးနိမ့်ထားပါတယ်။ အဆိုပါပွဲစဉ်မှာ အတ္တ လန္တာအသင်းအနေနဲ့ မန်ယူအသင်းကို တုံ့ပြန်ကစားပုံကောင်းမွန်ခဲ့တာ တွေ့ရတယ်။ မည်သို့ပင်ဆိုစေ အတ္တလန္တာအသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ရရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်တဲ့အတွက် အနိုင်ရရှိရေးကို အသေအချာပြင်ဆင်လာမှာပါ။ မန်ယူအသင်းကလည်း ယနေ့ပွဲစဉ် အနိုင်ရရှိရင် နောက်တစ်ဆင့်တက်ရောက်ရေး ပိုနီးစပ်သွားမှာ ဖြစ်တာကြောင့် အားစိုက်ကစားလာမှာပါ။ ခံစစ်အားနည်းတဲ့ မန်ယူနဲ့ တိုက်စစ်အားသန်တဲ့ အတ္တလန္တာအသင်းတို့ ဒုတိယအကြိမ်တွေ့ဆုံမှုက ဘယ်လိုဖြစ်လာမလဲဆိုတာ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းမှာ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူး VS အေတီမက်

အုပ်စု (B) ရဲ့ အမှတ်ပေးဇယားမှာ လီဗာပူးက ရမှတ်ကိုးမှတ်နဲ့ ဦးဆောင်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ပေါ်တိုအသင်းနဲ့ ရမှတ်လေးမှတ်တူ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပထမအကျော့ အေတီမက် အိမ်ကွင်းမှာ လီဗာပူးက သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ မည်သို့ပင်ဆိုစေ ရမှတ်လိုအပ်ချက်အရ အေတီမက်အသင်းအနေနဲ့ ယခုပွဲစဉ်မှာ လီဗာပူးကို မဖြစ်မနေ နိုင်ပွဲရရှိဖို့လိုနေတာကြောင့် အသင်းကို အကောင်းဆုံးပြင်ဆင်လာမှာပါ။ လီဗာပူးကလည်း ယခုပွဲစဉ်အနိုင်ရရှိရင် နောက်တစ်ဆင့် တက်ရောက်ရေး ပိုနီးစပ်သွားမှာ ဖြစ်တာကြောင့် နိုင်ပွဲရရှိရေးကို ဦးတည်လာမှာပါ။ ဒါကြောင့် အေတီမက်အသင်းအနေနဲ့ ပထမအကျော့က ရှုံးကြွေးပြန်ဆပ်ကာ နောက်တစ်ဆင့် တက်ရောက်ရေး မျှော်လင့်ချက် ပိုခိုင်မာသွားမလားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မိုးဇက်