အိမ်မဲမြို့ အလက(ခွဲ)လက်ပံကုန်းကျောင်းတွင် တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းကုသပေး 

အိမ်မဲ ၁၃  ဇွန် 

 

ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ အလက(ခွဲ)လက်ပံ ကုန်းကျောင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ အခမဲ့ကွင်းဆင်းကုသရာတွင် ကျောင်းသားကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊သွေးတိုး၊ နှလုံးရောဂါများရှိသည့် ဆရာမများ၊ ကျောင်းသားကျောင်းသူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခဲ့ ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)