အိမ်မဲမြို့တွင်၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်

အိမ်မဲ ၂၈ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦး က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးသော ညောင်ကုန်းချောင်းဖျားကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာ၊ တကောကျေးရွာ၊ ကျိုက်ပိကျေးရွာ၊ ညောင်ငူကျေးရွာ၊ သီးကွင်းကျေးရွာ၊ ပဒက်ကျေးရွာ၊ ဝဲကြီးဝကျေးရွာ၊ ကျုံကနိကျေးရွာများသို့ တာဝန်ရှိသူများက ထောက်ပံ့ငွေကျပ် ၂၇၀၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)