အိန္ဒိယဒုတိယသမ္မတ ဗန်ကိုင်ရာ နိုင်ဒူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

၃၀ စက်တင်ဘာ

 

အိန္ဒိယနိုင်ငံ ဒုတိယ သမ္မတ ဗန်ကိုင်ရာ နိုင်ဒူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း ယမန်နေ့က စမ်းသပ်တွေ့ရှိခဲ့သည်ဟု ၎င်းရုံးဌာနက ဆိုသည်။

 

တာဝန်ရှိသူများ၏ပြောကြားချက်အရ နိုင်ဒူသည် လုပ်ရိုးလုပ်စဉ်အတိုင်း ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုခံယူခဲ့သည်ဟု သိရသည်။

 

နိုင်ဒူမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်း ရောဂါလက္ခဏာ မပြကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြထားသည်။ နေအိမ်မှာပင် သီးခြားနေထိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။ ၎င်း၏ဇနီးဖြစ်သူကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရောဂါကူးစက်မှုမရှိကြောင်း နိုင်ဒူရုံးဌာန၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။

 

အသက် ၇၁ နှစ်အရွယ် နိုင်ဒူသည် အိန္ဒိယပါလီမန်၏ အထက်လွှတ်တော်ဉက္ကဌလည်း ဖြစ်သည်။နိုင်ဒူသည် မကြာသေးမီကပင် လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့သူဖြစ်သည်။  

 

လွှတ်တော်အမတ် ၂၅ ဦးကျော်ကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် အဆိုပါ လွှတ်တော်အစည်းအဝေးကို စောစီးစွာပိတ်ထားခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၁၄၅၂၉၁ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၆၃၁၈ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို