အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ အရက်တုသောက်သုံးမှုကြောင့် ၁၇ ဦးသေဆုံး

နယူးဒေလီ မတ် ၂၂

 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် အရက်တုသောက်သုံးမှုကြောင့် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ပြည်တွင်းရုပ်သံ ချန်နယ် နယူးစ် ၁၈ က မတ် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

 

အဆိုပါချန်နယ်တွင် ဖော်ပြချက်အရ သေဆုံးသူများမှ ခရိုင်လေးခုမှဖြစ်ပြီး မက်ဒ်ဟီပူရာ၊ ဘာဂလာပေါ၊ ဘန်ဂါနှင့် မက်လီဂန့်ရှ် ခရိုင်တို့မှ ဖြစ်ကြသည်။

 

လွန်ခဲ့သည့် သီတင်းပတ်အတွင်းကလည်း ခရိုင်နှစ်ခုမှ လူပေါင်း ၁၆ ဦးမှာလည်း အရက်တု သောက်သုံးမှုကြောင့် သေဆုံးခဲ့ရသည်။ ဘီဟာပြည်နယ်သည် ခြောက်သွေ့သည့် ပြည်နယ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ အရက်သောက်သုံးမှုနှင့် ရောင်းချမှုတို့ကို ပိတ်ပင်ထားခဲ့သည်။

 

ယခုသေဆုံးမှုများမှာ အရက်တုသောက်သုံးမှုကြောင့်ဟု ယူဆရပြီး နောက်ကွယ်တွင် အမှန်တကယ် အကြောင်းပြချက်ရှိနိုင်သေးသည်ဟုလည်း အာဏာပိုင်များကပြောသည်။ အရက်တုနှင့်အရက်ပြင်းများ သောက်သုံးမှုကြောင့် သေဆုံးမှုများမှာ အိန္ဒိယနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိပြီး ဈေးပေါသည့် ပြည်တွင်းထုတ် အရက်ပုန်းများကို သောက်သုံးမှုကြောင့် သေဆုံးမှုများလည်းရှိသည်။

 

ဆင်ဟွာ