အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်ရှိ ကျားဘေးမဲ့တော မီးလောင်မှုဖြစ်ပွား

နယူးဒေလီ    မတ်   ၃၀

 အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက် စသန်ပြည်နယ်       အယ်လ်ဝါခရိုင်ရှိ ဆာရသ်စကာ ကျားဘေးမဲ့တောတွင် ယမန် နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ရှိ အချိန်အထိ   မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါတောမီးလောင်မှုကို ငြှိမ်းသတ်နေရ ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

ဒေသန္တရအစိုးရသည် အိန္ဒိယလေတပ် မှ  လေယာဉ်များအား  အဆိုပါတောမီးလောင်မှုငြှိမ်းသတ်ရေး      အကူအညီ တောင်းခဲ့သည့်အတွက် အိန္ဒိယလေတပ် မှ လေယာဉ်နှစ်စင်းသည် ရာဂျက်စသန် ပြည်နယ်  ဆီဆာရေကန်မှ    ရေများကို သယ်ဆောင်ပြီး       မီးငြှိမ်းသတ်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျားဘေးမဲ့တောအတွင်းရှိ ကျားများမှာ     တောမီးလောင်ကျွမ်းမှု ကြောင့်  နေထိုင်ကျက်စားမှုအပိုင်းတွင် ထိခိုက်ခဲ့ပြီး   အဆိုပါ  ကျားဘေးမဲ့တော အနီးရှိ ဒေသခံများကိုလည်း    ဘေးလွတ် ရာသို့ ပြောင်းရွှေ့ကြရန် တာဝန်ရှိသူများ က   တိုက်တွန်းခဲ့ပြီး    မီးလောင်မှုနှင့် ပတ်သက် ၍        စုံစမ်းစစ်ဆေးမှုများကိုလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ