အိန္ဒိယနိုင်ငံက အသွားအလာ ပိတ်ဆို့မှုတွေကို အနည်းငယ်ဖြေလျော့ပေး

၂၀ ဧပြီ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာပိတ်ဆို့မှု (lockdown) ကို မေ ၃ ရက်အထိ တားမြစ်ထားခဲ့ပေမယ့် တားမြစ်ချက် အနည်းငယ်ကို ဒီနေ့(တနင်္လာနေ့) မှာ ဖြေလျော့ပေး လိုက်ကြောင်း သိရပါတယ်။

 

နိုင်ငံ့လုပ်သား တစ်ဝက်ကျော် တစ်နည်းအားဖြင့် သန်းချီတဲ့ လုပ်သားတွေ အလုပ်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ တစ်ချို့သော ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေကို အချိန်ခွဲပြီး အလုပ်လုပ်ခိုင်းတာမျိုး၊ အလုပ်သမားတွေကို သီးသန့်ထားရှိတာမျိုးတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းကမ်းကန့်သတ်ချက်တွေ နဲ့ (lockdown) တားမြစ်ချက်တွေကို ဖယ်ရှားလိုက်ပါတယ်။

 

mdn

 

အဲဒီဆုံးဖြတ်ချက်တွေဟာ မနေ့က ပြန်လည်ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အဓိက မြို့တွေနဲ့ ဗိုင်းရပ်စ်ပျံ့ပွားတဲ့ ဗဟိုချက် နေရာတွေမှာတော့ တားမြစ်ချက်တွေအတိုင်း ရှိနေပြီး နိုင်ငံတွင်းနဲ့ နိုင်ငံခြား လေကြောင်းလိုင်းတွေကိုလည်း သွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ၂၄ နာရီအတွင်း ၁၅၅၃ ဦးရှိတဲ့အတွက် စုစုပေါင်း ၁၇,၆၁၅ ဦး နဲ့ သေဆုံးသူ ၅၅၉ ဦးရှိကြောင်း ဧပြီ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။

 

MDN ကိုးကား - AFP