အိန္ဒိယနိုင်ငံမှာ ငါးထပ် အဆောက်အအုံ ပြိုကျရာ သေဆုံးမှုရှိ

၂၅ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွင် ငါးထပ် အဆောက်အအုံ တစ်လုံးပြိုကျရာ လူတစ်ဦး သေဆုံးပြီး လူအများအပြား ပိတ်မိနေမှာကို တာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။

 

 

ပိတ်မိသူ အရေအတွက်ဟာ ၅၁ ဦးကနေ ၂၀၀ လောက်အထိ ရှိနိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားပြီး ပြိုကျနေတဲ့ အဆောက်အအုံအောက်ကို အနံ့ခံခွေး အပါအဝင် စက်ကိရိယာတွေသုံးပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယအမျိုးသား ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

အခန်းပေါင်း ၄၇ ခန်း ပါရှိတဲ့ ငါးထပ် အဆောက်အအုံဟာ မွမ်ဘိုင်းမြို့ကနေ ၇၅ မိုင်အကွာရှိ မဟတ်မြို့တွင် တည်ရှိကြောင်းနဲ့ ဘာကြောင့် ပြိုကျတယ်ဆိုတာ ချက်ချင်း မသိသေးကြောင်း ကယ်ဆယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ သက်တမ်း ၁၀ နှစ်ရှိပြီလို့ သိရပါတယ်။

 

 

အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိတဲ့အတွက် ဆေးကုသမှု ခံယူနေကြောင်းနဲ့  အဆောက်အအုံ ပြိုကျနေစဉ် လူပေါင်း ၇၀ လောက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း  ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ အဆောက်အအုံ ပြိုကျတာက ပုံမှန်လို ဖြစ်နေပါတယ်။ အထူးသဖြင့်  မုတ်သုန်ရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် အဆောက်အအုံတွေ ပြိုကျမှုတွေ ဖြစ်လေ့ ရှိပါတယ်။

 

 

မုတ်သုန်ရာသီဟာ တောင်အာရှရဲ့ စိုက်ပျိုးရေးအတွက် အဓိကနေက ပါရှိနေပေမယ့် အပျက်အစီးနဲ့ သေဆုံးမှုတွေဖြစ်ခြင်း၊ ရေဖုံးလွှမ်းဖြစ်ခြင်းနဲ့ အဆောက်အအုံတွေ ပြိုကျခြင်းတွေကို ဖြစ်စေပါတယ်။

 

 

ဒီနှစ် မုတ်သုန်ရာသီ အတွင်းမှာ အိန္ဒိယနိုင်ငံတွင် လူပေါင်း ၈၄၇ ဦး သေဆုံးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား- AFP