အိန္ဒိယနိုင်ငံမှာ တစ်နိုင်ငံလုံး အသွားအလာပိတ်ဆို့မှု အချိန်တိုးမြှင့်

၁၄ ဧပြီ

အိန္ဒိယနိုင်ငံမှာ တစ်နိုင်ငံလုံး အသွားအလာပိတ်ဆို့မှုကို မေလ ၃ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဒီကနေ့(အင်္ဂါနေ့) မှာပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအစမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆာလောင်မှုနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကို သူ့အနေ့ အရင်ဆုံး စဉ်းစားမိကြောင်း၊ ဒါပေမယ့် အခုဆုံးဖြတ်ချက်က ပြည်နယ်တွေနဲ့ ဆွေးနွေးပြီးနောက် အခုလိုဆုံးဖြစ်လာကြောင်း၊ လူတော်တော်များမှာ အစားအစာနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲတွေ တွေ့နေတာကို သတိထားမိကြောင်း၊ အားလုံးက နိုင်ငံအတွက် စည်းကမ်းလိုက်နာတဲ့ စစ်သားတွေလိုဖြစ်နေတယ် အားလုံးကို လေးစားကြောင်း ပြောကြားပါတယ်။

 

လက်ရှိထုတ်ပြန်ထားတဲ့ သီတင်းသုံးပတ် ပိတ်ဆို့ထားမှု lockdown မတ် ၂၄ ရက်နေ့ကနေ့ သီတင်းသုံးပတ်ပြည့်မယ့် ဧပြီ ၁၄ ရက်မှာ ထပ်ပြီးတိုးလိုက်တာဖြစ်ပါတယ်။ လူဦးရေ ၁.၃ သန်းရှိတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ထိန်းချုပ်ရန် မေလ ၃ ရက်နေ့အထိ အသွားအလာ ပိတ်ဆို့မှုအောက်တွင် ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်မိုဒီက  စီးပွားရေးရှုထောင့်ကကြည့်ရင် အရင်းအနှီး ကြီးကြီးမားမား ပေးလိုက်ရပေမယ့် အိန္ဒိယပြည်သူတွေရဲ့ အသက်က အဲဒီအရင်းအနှီးထက် တန်ဖိုးကြီးကြောင်း တစ်နိုင်ငံလုံးကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ပေါင်း ၁၀,၀၀၀ နီးပါးရှိပြီး သေဆုံး ၃၃၉ ဦး ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

MDN

ကိုးကား-AFP