အိန္ဒိယနိုင်ငံ၌ အဆောက်အအုံ ပြိုကျ သုံးဉီးသေဆုံး

၂၈ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့ညက ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်လုံးပြိုကျရာ  သုံးဉီးသေဆုံးပြီး တစ်ဉီးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသန္တရ ရဲအရာရှိက ပြောကြားခဲ့သည်။

 

 

အဆိုပါ မတော်တဆမှုသည် ညသန်းခေါင်ယံ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် အမျိုးသားနှစ်ဉီးနှင့် အမျိုးသမီးလည်း တစ်ဉီးပါဝင်သည်။ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဉီးကိုမူ ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

 

အဆိုပါ သုံးထပ် အဆောက်အအုံကို လွန်ခဲ့သည့် နှစ်မှစတင်ပြီး ဆောက်လုပ်ခြင်းခဲ့ခြင်း ဖြစ်သည်။

 

 

ကယ်ဆယ်ရေးလုပ်ငန်း ပြီးစီးခဲ့ချိန်တွင် ပြီးပြိုကျသည့် အဆောက်အအုံ အပျက်အစီးများ၏အောက်တွင် မည်သူတစ်ဦး တစ်ယောက်မျှမှ ကျန်ရစ်နေခြင်း မရှိကြောင်း ဒေသန္တရ ရဲအရာရှိက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်