အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၃ ဒသမ ၁၅ သန်းကျော်ရှိလာ

နယူးဒေလီ မေ ၃၀

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀၆ ဦးထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၃၁၅၅၇၄၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၅ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၆၁၁ ဦးရှိလာကြောင်း သိရသည်။

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၇၆၈၉ ဦး
 ရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်
ကျန်းမာလာသူ ၂၀၇၀ ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၄၂၆၁၃၄၄၀ ရှိလာကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်