အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်တွင် သက်ထားသူဇာ အနိုင်ရ

၂၁   နိုဝင်ဘာ  

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Challenge ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် ပထမနေ့တွင် နိုင်ပွဲရယူပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားသည်။

 

သက်ထားသူဇာသည် ပထမအဆင့်တွင် အိမ်ရှင်အိန္ဒိယကစားသမား အီရာရှာမာနှင့် တွေ့ဆုံခဲ့ပြီး ၁၀-၂၁ မှတ်၊ ၂၁-၉ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် အိန္ဒိယကစားသမား တန်ဗီလတ်နှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို  နိုဝင်ဘာ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အိန္ဒိယကစားသမားအများအပြား ဝင်ရောက်ယှဉ်ပြိုင်နေကာ မလေးရှား၊ ထိုင်း၊ မြန်မာနှင့် အီရန်ကစားသမားများလည်း ပါဝင်လျှက်ရှိသည်။

 

သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်