အိန္ဒိယနိုင်ငံ၌ လောင်စာဆီဈေးနှုန်း ကိုးရက်အတွင်း ရှစ်ကြိမ်မြောက် မြင့်တက်

မတ် ၃၀

 

အိန္ဒိယနိုင်ငံတွင် ယနေ့လောင်စာဆီဈေးနှုန်းသည် ပြီးခဲ့သည့် ကိုးရက်အတွင်း ရှစ်ကြိမ်မြောက်မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

နိုင်ငံပိုင်စက်သုံးဆီ လက်လီရောင်းချသူများ၏ ပြောကြားချက်အရ မြို့တော်ဒေလီတွင် ဓါတ်ဆီနှင့် လောင်စာဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ၀ ဒသမ ၈၀ ရူပီး အသီးသီးမြင့်တက်ခဲ့သည်ဟု သိရသည်။

 

ဒေလီမြို့တော်တွင် ဓါတ်ဆီတစ်လီတာလျှင် ၁၀၁ ဒသမ ၀၁ ရူပီး( ၁ ဒသမ ၃၃ ဒေါ်လာ )နှင့် ဒီဇယ်တစ်လီတာလျှင် ၉၂ ဒသမ ၂၇ ရူပီး( ၁ ဒသမ ၂၂ ဒေါ်လာ )ဖြင့်ရောင်းချသည်။

 

မွမ်ဘိုင်းမြို့တွင် လက်လီဈေး ဓါတ်ဆီတစ်လီတာလျှင် ၁၁၅ ဒသမ ၈၈ ရူပီး( ၁ ဒသမ ၅၃ ဒေါ်လာ )နှင့် ဒီဇယ်တစ်လီတာလျှင် ၁၀၀ ဒသမ ၁၀ ရူပီး( ၁ ဒသမ ၃၂ ဒေါ်လာ )ဖြင့် ရောင်းချသည်။

 

အိန္ဒိယနိုင်ငံရှိမြို့ကြီးများအနက် မွမ်ဘိုင်းမြို့သည် လောင်စာဆီဈေးနှုန်း အမြင့်မားဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဒေသတွင်းအခွန်ကောက်ခံမှုများကြောင့် ထိုဈေးနှုန်းများ ကွဲပြားသည်။

 

ရေနံစိမ်းဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း နိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းများသည် လေးလကျော်ကြာ တည်ငြိမ်မှုရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို