အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၃၈ ဦး ထပ်မံတွေ့ရှိ

မတ် ၂၄

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၃၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၁၄၆၈၇ ဦးအထိမြင့်တက်လာသည်ဟု  ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၁၆၆၇၂ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၂၂၄၂၇ ဦး ရှိသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၅၃၁ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၄၂၄၇၅၅၈၈ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို