အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၇၇ ဉီးနှင့် ကူးစက်ဖြစ်ပွားသူ ၁၁၄၃၉ ဉီး ရှိလာ

နယူးဒေလီ  ၁၆  ဧပြီ

အိန္ဒိယနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၇၇ ဦးနှင့် ကူးစက်ခံရသူ ၁၁၄၃၉ ဦးရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဧပြီ၁၄ ရက် ညနေပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂၄ ဦးနှင့် သေဆုံးသူ ၂၄ ဦးအထိ တိုးလာခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်သည် ဧပြီ ၁၄ ရက်ညနေပိုင်းအထိ ၁၀၈၁၅ ဦးရှိကြောင်း၊ သေဆုံးသူစုစုပေါင်းမှာ ၃၅၃ ဦးရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၁၃၀၆ ဦးမှာ ရောဂါပြန်လည် သက်သာလာ၍ ဆေးရုံမှဆင်းခွင့်ပြုပေးခဲ့ကြောင်း၊ လက်ရှိ ကူးစက်ခံထားရသူဦးရေမှာ ၉၇၅၆ ဦးရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှုကို ဝန်ကြီးချုပ်မိုဒီ က မေ ၃ ရက်အထိ တိုးမြှင့်ခဲ့သည်။ အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု တိုးမြှင့်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အသေးစိတ်ညွှန်ကြားချက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်