အိန္ဒိယရဲ့ အိုင်တီမြို့တော်ကို အသွားအလာကန့်သတ်မှု ထပ်မံပြဋ္ဌာန်း

၁၄ ဇူလိုင်

 

အိန္ဒိယနိုင်ငံရဲ့ အိုင်တီမြို့တော် ဘန်ကောဟာ ဒီနေ့ ညအချိန် ၈ နာရီမှစပြီး အသွားအလာ ထပ်မံကန့်သတ်လိုက်ကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါပိုးကြောင့်နေ့စဉ် လူ ၅၀၀ နီးပါးသေဆုံးနေပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာလည်း တစ်သန်းဆီကို ဦးတည်သွားနေချိန်မှာ အခုလို ကန့်သတ်မှုတွေ ထပ်မံပြုလုပ်တာ ဖြစ်ပါတယ်။

 

မတ်လကုန်ပိုင်းကနေ စတင်ခဲ့တဲ့ကမ္ဘာ့အရှည်ကြာဆုံး အသွားအလာကန့်သတ်မှု လုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ နိုင်ငံ့စီးပွားအရေးအပေါ် ရိုက်ခတ်မှုတွေရှိတဲ့အတွက် အသွားအလာကန့်သတ်မှုကို တဖြည်းဖြည်းခြင်း ဖြေလျှော့ခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၉၀၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၄,၀၀၀ နီးပါးရှိကြောင်း တနင်္လာနေ့မှာ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ကြေညာပါတယ်။

 

မွမ်ဘိုင်း၊ နယူးဒေလီမြို့တွေနဲ့ တောင်ပိုင်းရှိ လူဦးရေ ၁၃ သန်းနေထိုင်တဲ့ ဘန်ဂေါမြို့ဟာ ဗိုင်းရပ်စ်ပျံ့ပွားရေး ဗဟိုဖြစ်လာပါတယ်။

 

ဘန်ဂေါမြို့မှာ သီတင်းတစ်ပတ် အသွားအလာကန့်သတ်မှု ပြုလုပ်သွားမှာဖြစ်ပြီး အရေးပေါ်ယာဉ်မှလွဲပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း တားဆီးပိတ်ပင်သွားမှာဖြစ်ပါတယ်။ အရေးကြီးပစ္စည်းဆိုင်တွေမှလွဲပြီး ဆိုင်အားလုံးပိတ်ရမယ်လို့ ညွှန်ကြားထားပါတယ်။

 

MDN

ကိုးကား - AFP