အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃ ဒသမ ၂ သန်းကျော်နှင့် သေဆုံးသူ ၅၉၄၄၉ ဦး ရှိ

၂၆ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၃၄၄၇၄ ဦးနှင့် ထိုရောဂါကြောင့် သေဆုံးသူ ၅၉၄၄၉ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်သော သတင်းအချက်လက်တွင် ဖော်ပြထားသည်။

 

 

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၆၇၁၅၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းရောဂါ ကူးစက်ခံရမှုကြောင့် ၁၀၅၉ ဦး ထပ်မံသေဆုံးခဲ့သည်။

 

 

ယခုအချိန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၇၂၆၇ ဦး ရှိပြီး ရောဂါကူးစက်ခံရသူများအနက် ၂၄၆၇၇၅၈ ဦးမှာ ကုသမှုခံယူခဲ့ပြီး ဆေးရုံများမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်း ဖော်ပြထားသည်။

 

 

ယမန်နေ့ကအထိ ၃၇၆၅၁၅၁၂ ဦးကို နမူနာစစ်ဆေးခဲ့ပြီး ယမန်နေ့က တစ်ရက်တည်းမှာပင် ၈၂၃၉၉၂ ဦးကို နမူနာစစ်ဆေးပေးခဲ့သည်ဟု သိရသည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အိန္ဒိယဖက်ဒရယ် အစိုးရက ရောဂါစမ်းသပ် စစ်ဆေးမှုကို ဦးစားပေး ဆောက်ရွက်လျက် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို