အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၆၇၃၂၃ ဦး၊  ဦးရေ ၅၈၃၉၀ သေဆုံး

၂၅ ဩဂုတ်

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၁၆၇၃၂၃ ဦးရှိပြီး သေဆုံးသူပေါင်း ၅၈၃၉၀ အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော သတင်းအချက်အလက်က ယနေ့ဖော်ပြထားသည်။

 

 

နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၆၀၉၇၅ ဦး ထပ်မံတွေ့ရှိပြီး ၈၄၈ ဦး ထပ်မံသေဆုံးခဲ့သည်။

 

 

နိုင်ငံအတွင်း ယခုလက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ ၇၀၄၃၄၈ ဦး ရှိပြီး ၂၄၀၄၅၈၅ ဦး ကုသမှုခံယူပြီး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းသွားပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာန သတင်းအချက်အလက်များက ထပ်လောင်းဖော်ပြထားသည်။

 

 

ယမန်နေ့ကအထိ ဦးရေ ၃၆၈၂၇၅၂၀ ကို ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယမန်နေ့က တစ်နေ့တည်းမှာပင် ၉၂၅၃၈၃ ဦး ကို နမူနာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

 

 

ဗဟိုအစိုးရသည် စမ်းသပ်စစ်ဆေးမှု အများအပြား ပြုလုပ်ခြင်း၊ ရောဂါကူးစက်သူနှင့် ဆက်စပ်မှု ရှိသူများကို ခြေရာခံခြင်းနှင့် ထိရောက်စွာ ကုသမှုပေးခြင်း မူဝါဒကို ချမှတ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

a1