အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၅၇၁၃၁ ဦး၊ သေဆုံးသူ ၁၀၄၅၅၅ ဦး ရှိလာ

၇ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၇၂၀၄၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉၈၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

အောက်တိုဘာ ၇ ရက်နေ့အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၇၅၇၁၃၁ ဦး ရှိပြီး သေဆုံးသူ ၁၀၄၅၅၅ အထိ ရှိလာသည်။

 

၅၇၄၄၆၉၃ ဦး မှာ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်သွားသဖြင့် ဆေးရုံများမှ ဆင်းသွားပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၀၇၈၈၃ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

အိန္ဒိယဆေးဘက်ဆိုင်ရာသုတေသနကောင်စီ၏ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှု စုစုပေါင်း ၈၂၂၇၁၆၅၄ ဦး ရှိပြီး အင်္ဂါနေ့တစ်နေ့ထဲမှာပင် ၁၁၉၉၈၅၇ ဦး ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သည်။

 

နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်သေဆုံးမှုနှုန်းမှာ ယမန်နေ့ကအထိ ခြောက်ရက်ဆက်တိုက်ကျဆင်းခဲ့ပြီး ယနေ့တွင်  ထပ်မံမြင့်တက်လာသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို