အက်စတွန်ဗီလာအသင်းကို ဆိုးရွားစွာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး

၅  အောက်တိုဘာ

တနင်္ဂနွေနေ့ညက ပရီမီယာ ပွဲစဉ်(၄)နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်း ခုနစ်ဂိုး-နှစ်ဂိုးဖြင့်  ဆိုးရွားတဲ့ ရှုံးပွဲတစ်ပွဲကို ကြုံတွေ့ခဲ့ရသည်။

 

 33977270-8

 

ဗီလာအသင်းဟာ ကစားပုံအထနှေးတဲ့ လီဗာပူးအသင်းကို စတင်ဖိအားပေးကားခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာပင်  တိုက်စစ်မှူး အိုလီဝက်ကင်း အဖွင့်ဂိုးသွင်းယူသွားခဲ့သည်။ ဒုတိယဂိုးကိုလည်း လီဗာပူး ခံစစ်ပိုင်း အားနည်းချက်ကနေတစ်ဆင့် တိုက်စစ်မှူး အိုလီဝက်ကင်းကပဲ ပွဲချိန် ၂၂ မိနစ်မှာ ထပ်မံသွင်းယူသွားခဲ့သည်။

 

 33981618-880

 

ဦးဆောင်ဂိုး နှစ်ဂိုးပေးလိုက်ရတာကြောင့် လီဗာပူးတို့ တိုက်စစ်ဆင်ကစားလာခဲ့ရာ ပွဲချိန် ၃၃ မိနစ်မှာ ဆာလက်က လီဗာပူးအသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့တာကြောင့် ပြိုင်ပွဲဟာ ပြန်လည် အသက်ဝင်လာခဲ့သည်။ သို့သော် လီဗာပူးခံစစ်ပိုင်း အားနည်းချက်တွေ ပိုမိုများပြားနေခဲ့ပြီး ဗီလာအသင်းရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခဲနေခဲ့တာကြောင့် ပွဲချိန် ၃၅ မိနစ်မှာ မက်ကင်းက တတိယဉီးဆောင်ဂိုးကို သွင်းယူသွားခဲ့သည်။ ထို့နောက် ပွဲချိန် ၃၉ မိနစ်မှာ အိုလီဝက်ကင်းက နောက်ထပ်သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ဟက်ထရစ်သွင်းဂိုးရယူနိုင်ခဲ့သည်။

 

 33981670-8804849

 

ဒုတိယပိုင်းတွင် လီဗာပူးအသင်းရဲ့ ကစားပုံဟာ ပိုမိုကောင်းမွန်လာခြင်းမရှိဘဲ တိုက်စစ်ပိုင်းတွင် ဘောလုံးအပျက်များနေခဲ့ကာ ခံစစ်ပိုင်းတွင် တောက်လျှောက်ဖိအားပေးခဲ့နေခဲ့ရပြီး ပွဲချိန် ၅၅ မိနစ် အရောက်မှာတော့ ချယ်လ်ဆီးအသင်းကနေ အငှားချထားတဲ့ ကစားသမား ဘာကလေက ဗီလာအသင်းအတွက် ပဉ္စမမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၆၆ မိနစ်နှင့် ၇၅ မိနစ်တို့တွင် ဂရီလစ်က ဉီးဆောင်ဂိုးတွေ ထပ်မံသွင်းယူသွားခဲ့သည်။ လီဗာပူးအသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် မိနစ် ၆၀ တွင် ဆာလက်က သွင်းယူပေးသွားခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် လီဗာပူးအသင်းဟာ ခုနစ်ဂိုး-နှစ်ဂိုးဆိုတဲ့ရလဒ်ဖြင့် အဆိုးရွားဆုံးရှုံးပွဲတစ်ပွဲကို ရှုံးနိမ့်သွားခဲ့သည်။

MDN

 

 33981696-0-image-a-