အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု နေတိုး ရရှိ

ရန်ကုန်  ၂၃  မတ်


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ရုပ်ရှင်အနုပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို  သရုပ်ဆောင်  နေတိုးက တာတေကြီးဇာတ်ကားဖြင့်  ဆွတ်ခူး ရရှိခဲ့သည်။ 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးက ဖွင့်ဖောက်ကြေညာကာ အကယ်ဒမီ ရွှေစင်ဆုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသားဇတ်ဆောင်ဆုရှင် ထပ်ဆင့်အကယ်ဒမီ နေတိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။


ယခုရရှိသည့် အမျိုးသားဇာတ်ဆောင်ဆုသည် သရုပ်ဆောင်နေတိုးအတွက် တတိယအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆုဖြစ်သည်။


MDN