အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု မြင့်မြတ် ရရှိ

ရန်ကုန်  ၂၃  မတ်

 


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အနုပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို  သရုပ်ဆောင်မြင့်မြတ်က အမှောင်တွေရွာချတဲ့မိုးတိမ်ဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။ 

 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးနေအောင်က ဖွင့်ဖောက်ကြေညာကာ အကယ်ဒမီ ရွှေစင်ဆုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသားသရုပ်ဆောင် ဇာတ်ပို့ဆုရှင် မြင့်မြတ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

 


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 


ယခုရရှိသည့် အကယ်ဒမီဆုသည် သရုပ်ဆောင် မြင့်မြတ်အတွက် ပထမဆုံးသော အကယ်ဒမီဆုတစ်ခုလည်းဖြစ်သည်။

 


MDN