အချစ်ဟောင်းကို လွမ်းနေတဲ့ ယွန်းန

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားမှာသာမက အာရှဒေသတွင်းမှာပါ အလွန်ကျော်ကြားတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ ယွန်နဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ရင်း “ Goodbye” တေးသီချင်းကို နားဆင်ခဲ့ရတဲ့ အခါမှာတော့ မျက်ရည်တွေ ကျလာတာကြောင့် တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့် လီဟိုရီက ယွန်နဟာ သူ့ရဲ့အချစ်ဟောင်းကို လွမ်းလို့ မျက်ရည်ကျခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

“Girls’ Generation” ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်မှ အောင်မြင်တဲ့ ဇာတ်ဆောင်မင်းသမီးတစ်ဦး ဖြစ်လာခဲ့တဲ့ ယွန်နဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ “Hyori’s Homestay 2”မှာ ပါဝင်ခဲ့တာပါ။ ယင်းအစီအစဉ်မှာတော့ ယွန်နကို အစီအစဉ်တင်ဆက်သူဖြစ်တဲ့ လီဟိုရီက တေးသံရှင် ဆန်းစန်ဂျေးရဲ့ “Goodbye” တေးသီချင်းကို သီဆိုပြခဲ့ပါတယ်။ ဒီသီချင်းကို နားဆင်နေရင်းက ယွန်နဟာ မျက်ရည်တွေ ကျလာခဲ့တာကြောင့် လီဟိုရီက ယွန်နဟာ သူ့ရဲ့အချစ်ဟောင်းနဲ့ ပတ်သက်ပြီး အလွမ်းဓာတ်ခံရှိကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

“Goodbye” တေးသီချင်းဟာ ယွန်နရေးသားခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ကိုယ်ချစ်နေတဲ့ လူတစ်ဦးနဲ့ မဖြစ်မနေလမ်းခွဲကာ ချန်ထားခဲ့ရတဲ့အခိုက်အတန့်မှာ နှုတ်ဆက်စကား မဆိုနိုင်ဖြစ်ခဲ့ရပုံကို ရေးစပ်ထားတဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

 

အေးပြည့်