အခြေခံပညာ ကျောင်းများတွင် ရွေ့လျားစာကြည့်တိုက် စတင်ဆောင်ရွက်

မြစ်ကြီးနား   ၆  ဇွန်
 
 
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုကို ဇွန်လ(၅)ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်ရှိ ပမ္မတီးအခြေခံပညာ အထက်တန်းကျောင်းနှင့် Sub Centre များဖြစ်ကြသည့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယဉ်ဖြင့် သွားရောက်ကာ စာအုပ်အရေအတွက် (၁၃၀) အုပ်နှင့် ပမ္မတီး အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ ( ၅၅ ) ဦး၊ ဆရာ/ဆရာမများ တို့အား စာငှားဝန်ဆောင်မှု ပေးခဲ့ပါသည်။

 
 အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယဉ်သည် ယခင်နှစ်တွင်လည်း ကျေးရွာ/ရပ်ကွက်များရှိ အခြေခံပညာကျောင်းပေါင်း(၁၄) ကျောင်းတွင်  ဆရာ/ ဆရာမ (၃၂၁) ဦး ကျောင်းသား/သူ စုစုပေါင်း (၂၈၉၅) ဦး နှင့် ဘုန်းတော်ကြီးသင်ပရဟိတကျောင်း (၄) ကျောင်း၊ ကျမ်းစာကျောင်း (၃) ကျောင်း၊ ကျေးရွာစာကြည့်တိုက် (၃) တိုက်၊ အကျဉ်းဦးစီးဌာန၊ နယ်မြေရဲစခန်း၊ နယ်မြေဒေသအခြေအနေအရ တိမ်းရှောင်လာသည့် တိုက်ပွဲရှောင်စခန်း တို့တွင်  Sub Centre (၁၈) ခုထားရှိကာ အခမဲ့ စာငှား ဝန်ဆောင်မှုများ ပေးခဲ့ကြောင်း သိရှိရသည်။
 
 
မြစ်ကြီးနား ပြန်/ဆက်