အခြေခံပညာအလယ်တန်းဆင့် သင်္ချာဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲကျင်းပ

ဟိုမိန်း  ၁၄    သြဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် သင်္ချာဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်ထက်မြက်လာစေရေး၊ ပင်ကိုယ်အတွေးအခေါ်များ ထက်မြက်လာပြီး မှတ်ဉာဏ်အား ပိုမိုကောင်းလာစေရန်အတွက် ပြိုင်ပွဲများကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သင်္ချာဉာဏ်စမ်းပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အထက(ဟိုမိန်း)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများကို မြို့နယ်ပြန်/ဆက်ဦးစီးမှူးက လက်ဆောင်ပစ္စည်းနှင့်ဂုဏ်ပြု ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ရဲနောင်(ဟိုမိန်း)

 

SHARE THIS ON SOCIAL MEDIA