အခြေခံပညာအလယ်တန်းကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကော့သောင်း ၂၈  စက်တင်ဘာ

 

ကော့သောင်းမြို့နယ် Township Sport Development Programme (TSDP) အစီအစဉ်အရ မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာအလယ်တန်းကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက  ကော့သောင်းခရိုင် အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲတွင်ပြိုင်ပွဲဝင်ဘော်လုံးအသင်းများမှ ကွင်းအတွင်းနေရာယူပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး  ဦးအောင်ကျော်စိုး  မှ အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာ၍  ပြိုင်ပွဲပထမနေ့ ပွဲစဉ်အဖြစ် အထက(၁)ဘောလုံးအသင်း နှင့် အထက(၃) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲအား ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများ မှဘောလုံးအသင်း(၁၀)သင်း အုပ်စု(၂)စုခွဲကာ အောက်တိုဘာ ၂ ရက်နေ့အထိ ပတ်လည်ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန်သည့်မျိုးဆက်သစ် ဘောလုံးသမားကောင်းများ အခြေခံပညာကျောင်းများမှ ထွက်ပေါ်လာရေးပေါ်ထွက်လာရေး  ရည်ရွယ်ကာ ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရှိရသည်။     

 

ကျော်စိုး (ကော့သောင်း)