အကြိမ် (၃ဝ) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမ အားကစားနည်းမှ ငွေ(၁)ခု၊ အားနစ်အားကစားနည်းမှ ငွေ(၂)ခု၊ ကြေး(၆) ခုနှင့် ဝူရှူးအားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၂)ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်  ၂   ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၉ ခုနှစ် အကြိမ် (၃ဝ) မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ မနီလာမြို့၌ ကျင်းပပြုလုပ်သော (World Trade Center Halls A & B) အားကစားခန်းမ၌ ကျင်းပပြုလုပ်သော ဝူရှူးပြိုင်ပွဲတွင် မြန်မာဝူရှူး အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ရာ သိန်းသန်းဦးသည် ဝူရှူး(နန်းတောင်း၊ နန်းကွန့်)ပွဲစဉ်တွင် ပြိုင်ပွဲ(၂)ရက်ပေါင်း ယှဉ်ပြိုင်ကစားပြီးဖြစ်ရာ ဒုတိယနေ့ပွဲစဉ်အပြီးတွင် အဆင့်(၄) နေရာတွင် လည်းကောင်း၊ (အမျိုးသား) ထိုက်ချိ ကျန့်ပွဲစဉ်တွင် ငြိမ်းချမ်းကိုကိုသည် အဆင့်(၇)နေရာနှင့် (တောင်းဆု၊ ကွန့်ဆု)ပွဲအတွက် တောင်း ဆုပွဲစဉ်တွင် မျိုးမင်းကြီးသည် အဆင့်(၈)နေရာတွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။

 

ဆက်လက်၍ မနီလာမြို့ (Ninoy Aquino Stadium) ၌ ကျင်းပပြုလုပ်သော အလေးမ အားကစားနည်းမှ (၄၉)ကီလို တန်းပြိုင်ပွဲတွင် အမျိုးသမီးပွဲစဉ်အဖြစ် ပြည့်ပြည့်ဖြိုး ဝင်ရောက် ယှဉ်ပြိုင်ရာ ငွေတံဆိပ်(၁)ခု ရရှိခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရရှိသော အင်ဒိုနီးရှား၊ ဒုတိယဆုရရှိသော မြန်မာ၊ တတိယဆုရရှိသော ဗီယက်နမ်တို့အား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားအားကစားကော်မတီ ဥက္ကဌတို့မှ လည်းကောင်း ဆုများပေးအပ်ခဲ့သည်။

 

ဆက်လက်၍ (SAN JUAN AREA) ၌ ကျင်းပပြုလုပ်သည့် ဘတ်စကတ်ဘောအားကစား နည်းတွင် အမျိုးသား(3 & 3) ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ထိုင်း အသင်းမှ (၂၁)မှတ် (၁၃)မှတ်ဖြင့် လည်းကောင်း၊ အမျိုးသမီး(3 & 3) ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်း နှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းမှ (၂၁)မှတ် (၁၁)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။

 

ဆက်လက်၍ ညနေပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသော ဝူရှူးအားကစားနည်း်တွင် ဆန်းဒါ (၆၅)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ စုလှိုင်ဝင်းက ထိုင်းကစားသမားကို (၂)ပွဲပြတ်ဖြင့် အနိုင်ယူပြီး ငွေတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ပြီး၊ ဆန်းဒါအမျိုးသားအတိုက်ပြိုင်ပွဲတွင် (၄၈)ကီလိုတန်းပြိုင်ပွဲ၌ အောင်မျိုး ထွန်းမှ ကြေးတံဆိပ်(၁)ခု၊ (၆၅)ကီလိုတန်းပြိုင်ပွဲ၌ ချစ်ကိုကိုမှ ကြေးတံဆိပ်(၁)ခု ဆွတ်ခူး ရရှိခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသား အားကစား ကော်မတီဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာအလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကတ်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အဖွဲ့ဝင်တို့သည် မနီလာမြို့ရှိ ပွဲစဉ်များအား လိုက်လံကြည့်ရှုအားပေးလျက်ရှိသည်။

 

ဆက်လက်၍DCD. LOT. FRONT of Royce Hotel (Lark) တွင် ကျင်းပသော ပီတန်း အားကစားနည်း၌ မြန်မာအားကစးအဖွဲ့ဝင်ရောက် ယှဉ်ပြိုင်ရာ အမျိုးသမီးသုံးယောက်တွဲ အုပ်စု တွင်းပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို (၁၃)မှတ် (၄)မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ဆက်လက်၍ Subic Bay Gymuasium အားကစားရုံတွင် ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အသင်း လိုက် ပြိုင်ပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ဆက်လက်၍ SCC Angleles University Foundation Clark City အားကစားရုံ၌ ကျင်းပပြုလုပ်သည့် အားနစ် (Arnis) ပြိုင်ပွဲများကို ဒုတိယနေ့ပွဲစဉ်များအဖြစ် ဆက် လက်ကျင်းပလျက်ရှိရာ မြန်မာအားနစ် အသင်းမှ အမျိုးသားအတန်း(၄)တန်း၊ အမျိုးသမီးအတန်း (၄)တန်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသားပွဲစဉ်၌ အမျိုးသား(-၅၅)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ နေလင်းဦး(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား(-၆ဝ)ကီလို ဖယ်သာ ဝိတ်တန်းပြိုင်ပွဲ၌ တင်ကို (မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား (+၆ဝ-၆၅)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲတွင် အောင်ခိုင်လင်း (မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသား (+၆၅)ကီလို ဝယ်သာဝိတ်တန်းပြိုင်ပွဲတွင် ကျော်သူရိန်ထွန်း (မြန်မာ)က ကြေးတံ ဆိပ်(၁)ခု အသီးသီး ရရှိထားသည်။

 

ဆက်လက်ပြီး အမျိုးသမီး(-၅ဝ)ကီလို ဘင်တန်ဝိတ်တန်းပြိုင်ပွဲ၌ ဝတ်ရည်ချို(မြန်မာ)က ငွေတံ ဆိပ်(၁)ခု၊ အမျိုးသမီး(+၆ဝ)ကီလို ဝယ်သာဝိတ်တန်းပြိုင်ပွဲ၌ အယ်ရှီးလာမင်းနိုင်(မြန်မာ)က ငွေတံဆိပ် (၁)ခု၊ အမျိုးသမီး(+၅ဝ-၅၅)ကီလို ဖယ်သာဝိတ်တန်းပြိုင်ပွဲ၌ မော်မော်ဦး(မြန်မာ)က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(+၅၅)ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲ၌ မိုးမိုးအေး(မြန်မာ)က ကြေးတံဆိပ်(၁)ခု ရရှိခဲ့သည်။

 

ဆက်လက်ပြီး အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများအား မြန်မာအား ကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး ဦခွန်ဂျာအောင်၊ ဖိလစ်ပိုင် Arnis အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်လွင်၊ မြန်မာနိုင်ငံ Arnis အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ တို့မှ ဆုများပေးအပ်ခဲ့သည်။

 

ဆက်လက်၍Binan, laguna မြို့ရှိ Binan Football Stadium ကွင်း၌ ကျင်းပသည့် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဒုတိယနေ့ပွဲစဉ် အဖြစ် ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂) နာရီခွဲအချိန်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင် ကစားရာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

 

အကြိမ် (၃ဝ) မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲ စဉ်အဖြစ် ဒီဇင်ဘာ ၅  ရက်နေ့ ဒေသစံတော်ချိန်ည(၈)နာရီအချိန်၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီခွဲ အချိန်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(MDN)